ဗားရှင်း ၁.၈ မှာတုန်းကတည်းက ဝိဇ္ဇာဟာ စာရိုက်သွင်းဖို့ Burglish ကီးဘုတ်နဲ့ Key Magic ကီးဘုတ်ေတွပါဝင်တဲ့ လက်ကွက်စနစ်အမျိုးမျိုးကို ေထာက်ပံ့ေပးခဲ့တယ်။ စာရိုက်သွင်းဖို့လက်ကွက်စနစ်ကို အဂင်္လိပ်အက္ခရာမှ ဗမာစကားလံုးကို ေြပာင်းလဲေပးတဲ့နည်းြဖစ်တယ်။
စာရိုက်သွင်းဖို့ default လက်ကွက်စနစ်ဟာ (Section 3) မှာ ေဖာ်ြပခဲ့တဲ့ "Wait Zar” ြဖစ်တယ်။ အခု ဒီ Section မှာေတာ့ စာရိုက်သွင်းဖို့တြခားလက်ကွက်စနစ်များကိုေဖာ်ြပပါမယ်။ စာရိုက်သွင်းဖို့လက်ကွက်စနစ်အသစ် ေြပာင်းဖို့အတွက် ဝိဇ္ဇာ icon ေပါ်ကို နှိပ်လိုကြပီး "Typing” ကိုေရွးလိုက်ပါ။ အဲဒီလိုေရွးလိုက်တဲ့အခါ စာရိုက်ဖို့လက်ကွက်စနစ်များကိုေဖာ်ြပေပးလိမ့်မယ်။ သင် ြကိုက်နှစ်သက်ရာတစ်ခုကိုေရွးလိုက်ပါ။
ကီးဘုတ်ေတွအားလံုးထားမယ်ဆိုရင် အေကာင်းဆံုးြဖစ်ရသည့်အချက်ကေတာ့ သင် နှစ်သက်ရာ စာရိုက်သွင်းသည့်နည်းလမ်း(Input method)ကို သင်လိုချင်တဲ့ေဖာင့်ကိုြပန်ထုတ်ေပးတဲ့စနစ်(Output encoding) နဲ့ နှိုင်းယှဉ် ေရာစပ် အသံုးြပုနိုင်တယ်။
ဒါေြကာင့် ေဇာ်ဂျီဝမ်းကီးဘုတ်ပံုစံ ကို ပိုမို နှစ်သက်ြပီး Padauk လိုမျိုး ယူနီကုတ်ေဖာင့်နဲ့ စာေပါ်ချင်ရင် ယူနီကုတ်ရိုက်ဖို့ လက်ကွက်ပံုစံအသစ်ကို ထပ်ေလ့လာစရာမလိုပဲ "input method”(စာရိုက်သွင်းသည့်နည်းလမ်း)ေနရာမှာ “Zawgyi-One Keyboard” (ေဇာ်ဂျီဝမ်းကီးဘုတ်) ကို ေရွးေပးြပီး “Encoding”(စာေဖာ်စနစ်)ေနရာမှာ“Unicode”(ယူနီကုတ်)ကို ေရွးလိုက်ရံုသာြဖစ်တယ်!
မှတ်ချက်။ ေလာေလာဆယ်မှာေတာ့ အေထာက်အကူြပု ကီးဘုတ်(Help Keyboard')အတွက် စာရိုက်ထည့်သွင်းစနစ်ကို ေြပာင်းလဲဖို့ မြဖစ်နိုင်ပါ။ ေနာက်ပိုင်းထွက်မည့် ေဆာ့ဝဲလ်တွင် ၎င်းစနစ်ကို ေြပာင်းလဲေပးမယ်။
Subscribe to:
Post Comments (Atom)
No Response to "စာရိုက်ထည့်သည့်နည်းလမ်းများ Typing Options"
Post a Comment